အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အဘိဓမ္မာအခါတော်နေ့အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
Oct 07,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စုရှိ  တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း၌ ၁၂၀’×၃၀’×၁၂’ရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စာသင်ဆောင်အသစ်ဆောက်လုပ်နေကြောင်း သိရသည်။
Oct 07,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် Indonesia International School တွင် တက်ရောက်နေသော ၅ နှစ်မှ ၁၂ နှစ်နှင့် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၈၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Phase -15 first dose ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Oct 07,2022
မြင်းခြံခရိုင် နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သူရိန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အကျင့် စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ
Oct 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ယနေ့နံနက် ၉ နာရီက အ-ထ-က-ရေဖြူ ကျောင်းခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပကြောင်းခဲ့သိရသည်။
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက(တာဂွ)လမ်းဆုံအမှတ်(၃)ရဲစခန်းရှေ့၌ နှာခေါင်းစည်း Mask များနှင့် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျတပ်ဆင် မောင်းနှင်ကြရန်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။