Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) နယ်မြေခံတပ်ရင်းခန်းမတွင် ပြည်သူ့စစ်ဌာနေ အဖွဲ့များအား ရိက္ခာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
Oct 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၊ အောင်ဆန်းခန်းမတွင် ကလေးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
Oct 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆိတ်ဖူးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက်(၆၀)နှစ်အထက် အငြိမ်းစား ဆရာ/ ဆရာမကြီး (၆၀) ဦးအား အိမ်အရောက်ပူဇော်ကန်တော့
Oct 07,2022
၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် အငြိမ်းစား ဆရာ/ ဆရာမကြီး(၆၀)ဦးအား ငဖဲမြို့လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဆရာ/ ဆရာမများက အိမ်တိုင်ရာ ရောက်လိုက်လံပူဇော်ကန်တော့ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မီးပုံးပြုလုပ်ရောင်းချသူများအပိုဝင်ငွေရရှိ
Oct 07,2022
ပင်းတယမြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ရှိ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ ပင်းတယမြို့တွင် ဓနုလူမျိုးအများစုနေထိုင်ကြပြီး၊ ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန် နှင့်ဗမာ စသည်တို့နေထိုင်ကြပြီး အိမ်တွင်းမှု ရိုးရာလက်မှုလုပ်ငန်းများဖြစ်သည့် ထီး၊ ခမောက်လွယ်အိပ်၊ ရှမ်းစက္ကူ၊ မီးပုံး စသဖြင့်လုပ်ကိုင်ကြသည့် ဒေသဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ်
Oct 07,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့သစ်မြို့နယ်မှဒေသခံအလှူရှင်များက အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)စုအတွက် စားကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ခန့်က မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် နေကြာစိုက်ပျိုးသွားမည့် တောင်သူများထံသို့ နေကြာမျိုးစေ့များပေးအပ်
Oct 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း နေကြာစိုက်ပျိုးဧကလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့်ဒေသခံတောင်သူများထံသို့ နေကြာမျိုးစေ့များပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၊ကံလှဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Oct 07,2022
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ကံလှဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်းက Mask Campaign ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ
Oct 07,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် (၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေးပန်းခြံဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိရာ အခြေခံစားသောက်ကုန်များ လာရောက်ဝယ်ယူသူ ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Maskများ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ဖြန့်ဝေပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15644
Page
15645
Page
15646
Page
15647
Current page
15648
Page
15649
Page
15650
Page
15651
Page
15652
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department