ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ရတနာပုံရပ်ကွက်၌ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပန်းတောင်း အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများကို ယနေ့နံနက်(၉)နာရီက ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ရတနာပုံရပ်ကွက်၌ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို စာရင်းအင်းပြုစုပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများကိုသာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့သည်။

ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့  ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)