အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော် နေ့အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့‌ မွန်းတည့်ချိန်(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက် လျက်ရှိသည်။
Oct 08,2022
နယ်စပ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံး နေထိုင်တော် မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမ‌ဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစားကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးတို့ကို ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အနေဖြင့် မြို့နယ်ပညာရေးမိသားစုမှ ဂါရဝပြု ပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြခံပညာအထက်တန်း ကျောင်း၊ သီရိမြန်မာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 08,2022
နေပြည်တော်ဗီဒီယို စိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Oct 08,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Oct 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်စျေးနှင့် အနီးပတ်ဝန်းကျင်ရှိ ဆိုင်များ၊ ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များနှင့် စတိုးဆိုင် များတွင် မီးရှူး၊ မီးပန်းနှင့် ဗြောက်အိုး (ရှူးဒိုင်း)များ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ မရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြပ်မတ် အသိပေးဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
Oct 08,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အလယ်ပိုင်တိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စလင်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ဝင်ငွေနည်းပါးသော ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဆန်နှင့်အခြေခံ စားသောက်ကုန် ဟင်းသီးဟင်းရွက်နှင့် အသားများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူပူဇော်ရန် အတွက် ငြမ်းစင်ခြင်း၊ နှစ်လက်မပတ်လည်မျက်ပါးရွှေ ရာပြည့်ရွှေများ ဝယ်ယူခြင်း နှင့်ရွှေမှိုက်ထုတ်ခြင်းများ အတွက် အိတ်ပိတ်(ချိတ်ပိတ်)တင်ဒါစနစ်ဖြင့် တင်ဒါများတင်သွင်းနိုင်ကြ ကြောင်း တင်ဒါခေါ်ယူခဲ့သည်။