အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2022
၂၀၂၂ခုနှစ်၊ အောက်တိုဘာ၊ ၇ရက်‌နေ့ည (၇:၅၀)အချိန်ခန့်က ဒိုက်ဦးမြို့နှင့် (၇)မိုင်ခန့်အကွာ ရှမ်းစုကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၈၆/ ၈၇ကြားတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၃)ပေ ပတ်လည်၊ အရှည်(၂၅)ပေရှိ ကုက္ကိုလ်ပင်(၄)ပင်နှင့်
Oct 08,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အနုပညာရှင် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စပါးခွံမှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီရုံးအစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။
Oct 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ပရိယတ္တိစာသင် တိုက်များတွင် ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သံဃာ၊ သာမဏေများအား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောစဉ်များ အဆင်ပြေစေရန်အတွက် မြို့နယ်တာဝန်ရှိသူများ ကြီးကြပ်၍ မြို့မ (၆)ရပ်ကွက် ရက်အလှည့်ကျအစီအစဉ်ဖြင့်  မြို့နယ်တာဝန်ရှိသူများ၊ ရပ်ကွက်စေတနာရှင် ပြည်သူများက နှစ်စဉ်ဝါတွင်း ကာလ
Oct 08,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်၁၈ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှစတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ် သည်။
Oct 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၄-ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။
Oct 08,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝန်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးကာ စျေးရောင်းပွဲတော်အား (၈-၁၀ -၂၀၂၂)ရက်နေ့မှ (၁၀-၁၀ - ၂၀၂၂)ရက်နေ့ အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်​ပြီး နေ့စဉ်နံနက် (၀၇:၀၀)နာရီမှည​နေ (၁၇:၀၀) နာရီအထိ ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။