မာန်အောင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မာန်အောင် အောက်တိုဘာ ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်ငြိမ်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများထံသို့ သတင်းအချက် လက်များ ဖြန့်ဖြူးပေး နိုင်ရန်အတွက် အစိုးရနှင့် ပြည်သူကြားပေါင်းကူးတံတားသဖွယ် ဆောင်ရွက် ပေးလျက်ရှိသောဌာနဖြစ်ကြောင်း၊  Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ (Talk Show) များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း” ပြောကြားခဲ့ပြီး မာန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ရတနာစိုးက “ကလေးအလုပ် သမားဆိုသည်မှာ အလုပ်လုပ်ရန် ဥပဒေက ခွင့်ပြုထားသည့် အသက်အရွယ်ဖြစ်သော်လည်း လုပ်ကိုင်ရသည့် အလုပ်အမျိုးအစားကြောင့် သော်လည်းကောင်း အလုပ်ချိန်ကြောင့်သော်လည်းကောင်း၊ ပညာရေး (သို့မဟုတ်) ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု (သို့မဟုတ်) စိတ်ပိုင်ဆိုင်ရာဖွံ့ဖြိုးမှုကို ထိခိုက်စေခိုက်စေနိုင်သည်ဟု မှတ်ယူနိုင်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားလုပ်ငန်းစီမံချက်(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားပပျောက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းစီမံချက်များ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၁၈-၁၂-၂၀၁၃ ရက်နေ့တွင် ILO CONVENTION 182 ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကလေးပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း” ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို ၂၀၁၈ ခုနှစ်မှ ၂၀၃၃ ခုနှစ်ထိ (၁၅)နှစ်ကာလ လျာထားပြီး ပထမ (၅) နှစ်စီမံချက်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အား ဦးစားပေး နယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေး အလုပ်သမား ပပျောက်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ မိဘ(သို့)အုပ်ထိန်းသူ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်မိ/ရပ်ဖ များနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)