ဒဂုံအရှေ့ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းတည့်ချိန်(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက် လျက်ရှိသည်။
ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်နှင့် စာကြည့်တိုက်လက်ထောက်၃ ဒေါ်တင်နီလာကျော်တို့က အများပြည်သူ အသိပညာဗဟုသုတ ရရှိရန် ရည်ရွယ်၍ TalkShow ပြုလုပ်ရခြင်းဖြစ်ကြောင်း သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများသည် အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသလို သီတင်းကျွတ် လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ဝါတွင်းသုံးလ၌ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးသောအခါမှ သီတင်းကျွတ်လပြည့် ညမှာ နတ်ဗြဟ္မာများခြံရံကာ လူပြည်သို့ ပြန်လည်ဆင်းသက်ကြွချီတော်မူရာ လမ်းတစ်လျှောက်မင်းနှင့်တကွ လူပရိသတ်အပေါင်းတို့က ပန်းနံ့သာခင်းကျင်းပြီး ဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကန်တော့၍ ကြိုဆိုကြသည်။
အဆိုပါနေ့တွင် မျက်မှောက်ခေတ်တွင်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွချီတော် မူသော် ထို့သီတင်းကျွတ်လပြည့်နေ့ကို ရည်စူး၍ မီးထွန်းပွဲတော် ကျင်းပခြင်း၊ မိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ကြခြင်းသည် မြန်မာ့ရိုးရာအစဉ် အလာ ဓလေ့တစ်ခုဖြစ်ကြောင်း စသည့်သီတင်းကျွတ် လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ အကြောင်း သိကောင်းစရာများအား အပြန်အလှန်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)