အမြို့မြို့အနယ်နယ်သတင်းများ

Oct 10,2022
ကချင်ပြည်နယ်၊    မိုးညှင်းခရိုင်၊    ဟိုပင်မြို့ အတွင်းရှိ  ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌  သီတင်းကျွတ်လပြည့်  အဘိဓမ္မာအခါတော်နေ  ယမန်နေ့ညနေပိုင်းတွင် ဘုရားလာရောက် ဖူးမျှော် သူများ ဆီမီးရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 10,2022
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ညပိုင်း ဆီမီးကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 10,2022
ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောစေတီတော်မြတ်ကြီး အပါအဝင်ဘုရား‌ စေတီပုထိုးများ၌ ယမန်နေ့ညပိုင်း (သီတင်းကျွတ်လပြည့်) က ဘုရားဖူးပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
Oct 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းပိုင် နိဗ္ဗာန်ယာဉ် ဝယ်ယူရန်အတွက် အလှူရှင်များမှ ယနေ့နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
Oct 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်ပေါ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Oct 10,2022
ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာ ရွေ့ပြောင်းအလုပ်သမားများအနက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသည့် အလုပ်သမားကိုးဦးအား ယမန်နေ့က အသွားအလာကန့်သတ်ထားကာ ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် သိရသည်။