ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတို့ရှိ ဈေးသည်များနှင့်ဈေးဝယ်များအား Mask Campaign ပြုလုပ်

ပုဇွန်တောင် အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်   မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက်ပိုင်းက ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတွင် Mask  Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် စျေးများနှင့် ကုန်စည်ပွဲရုံများဌာန ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး)၊ ခရိုင်မှူးနှင့် စျေးတာဝန်ခံတို့ဦးဆောင်သောအဖွဲ့မှ ရေကျော်ဈေးနှင့် ပုဇွန်တောင်ဈေးတို့ရှိ ဈေးသည်များနှင့်ဈေးဝယ်များအား Mask တပ်ဆင် သွားလာရောင်းဝယ်ကြပါရန်၊ ကူးစက်မြန်ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့်ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းဖြင့် Mask  Campaign  ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်