Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်တိုးမြင့် ကော်မတီအစည်းအဝေးကျင်းပ
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စိုက်တိုးမြင့်ကော်မတီ အစည်းအဝေး ကျင်းပကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ဘာသာရေးကျောင်းများအား ယမန်နေ့ မွန်းလွဲညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများ၊ ကျောင်းပြင်ပနှင့် ဝန်ထမ်းများ 1st booster myancopharm၊ 2nd booster myancopharm၊ 1st booster sinopharm၊ 2nd booster sinopharm (၄၅၀)ဦး ထိုးနှံကြသည်။
အပြည့်အစုံ ဖတ်ရန်
ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပ
Oct 12,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆)ရက်မှ (၈)ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်
Oct 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ လူမှုဘဝနေထိုင်မှု အဆင့်အတန်းမြင့်မားစေရန် ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ဓာတ်အားလိုင်း ၆၆/၁၁ KV မိုင်းခုတ် ဓာတ်အားခွဲရုံကို အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)အတွင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ ညောင်မှော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာ သီသန့်/သီးညှပ် စိုက်ပျိုးရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Oct 12,2022
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး ဦးဆောင်သည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ သည် ညောင်မှော်ကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ တောင်သူ များနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်းဖွင့်လှစ်
Oct 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ပညာရေးဌာနနှင့် ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာအထက်တန်းကျောင်း မြရတနာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလ…
Oct 12,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ (၂၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15590
Page
15591
Page
15592
Page
15593
Current page
15594
Page
15595
Page
15596
Page
15597
Page
15598
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department