အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ် (၂) ပျဉ်ပင်ရပ်ကွက်ရှိ တောင်သူများမှ ပပြားဆည်ရေကိုအမှီပြုပြီး စိုက်ပျိုးထားသော စပါးစိုက်ခင်းများမှာ အထူးကောင်းမွန်လျက် ရှိကြောင်း သိရသည်။
Oct 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာများနှင့် မြို့မစျေးအနီးဝန်းကျင်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာ ခင်စန်းမော်ရေးသားသော ပညာရှင်စိတ်ထားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိသားစုတစ်ပိုင်တစ်နိုင်  အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ပြီး အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်း (အခမဲ့) သင်တန်းကို ယနေ့နံနက် (၁၁) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Oct 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြင်သာ ကျေးရွာတွင်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 12,2022
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး အတွက် ငါးသားပေါက်(၃၆၀၀၀၀)ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ သာပေါင်းမြို့မှ ကြိုဆိုပါ၏ င၀န်မြစ်ရေဆိပ်တွင် သဘာ၀ရေပြင်ထဲသို့ ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာအုပ်စု၊ ကံကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။