ကန့်ဘလူ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာနေရာများနှင့် မြို့မစျေးအနီးဝန်းကျင်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှာခေါင်းစည်း (Mask Campaign) တပ်ဆင်ရေးလှုရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ သုံးဘီးများ၊ စျေးရောင်းစျေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိဖြင့် စည်းကမ်းရှိစွာ ဆက်လက်နေထိုင်သွားလာကြရေးတို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)