သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး သဘာ၀ရေပြင် င၀န်မြစ်အတွင်း ငါးသားပေါက် (၃၅၀၀၀၀) ငါးမျိုးစိုက်ထည့်

သာပေါင်း အောက်တိုဘာ ၁၂

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး အတွက် ငါးသားပေါက်(၃၆၀၀၀၀)ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် နာရီအချိန်က အမှတ်()ရပ်ကွက်၊ ကန္နားလမ်း၊ သာပေါင်းမြို့မှ ကြိုဆိုပါ၏ င၀န်မြစ်ရေဆိပ်တွင် သဘာ၀ရေပြင်ထဲသို့ ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာ၊ ဦးစီးမှူးဦးမျိုးသိန်းမှ ငါးစားသုံးမှုမြင့်မားလာပြီး ငါးသယံဇာတ တိုးပွားလာစေရေး၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတတ်မြင့်မားလာစေပြီး ပြည်သူများ ငါးစားသုံး မှုဖူလုံစေရေးတို့အတွက် ရည်ရွယ်ချက်ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သဘာ၀ရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီးနောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်()ဦးမောင်မောင်၊ ပုသိမ်ခရိုင်ငါး လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်()ဦးကျော်တိုး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးမျိုးသိန်း၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီ၀င်များ၊ လူမှုရေးအသင်း အဖွဲ့များမှ သဘာ၀ရေပြင် င၀န်မြစ်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၃၀၀၀၀၀)၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ(၅၀၀၀၀)နှင့်တို့အား စုပေါင်းငါးမျိုးစိုက်ထည့် ခဲ့ကြကြောင်းသိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)