အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊  မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် အစိုးရဌာနအသီးသီးမှ ဝန်ထမ်းခေါ်ယူမှုကြေငြာများ၊ လျှောက်လွှာပုံစံများအား ယနေ့မွန်းလွဲ ၁ နာရီက အများပြည်သူ သိရှိနိုင်စေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မာဃလမ်းရှိမြို့နယ် ကြက်‌ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Oct 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
Oct 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၄) လအထက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို
Oct 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် သင်္ဘောသီး စားသုံးသူများလာသဖြင့် ရောင်းအားကောင်း၍ စိုက်ပျိုးထားသည့်ခြံပိုင်ရှင်များ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
Oct 17,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ အဆိုပါမျိုးစေ့ထုတ်စိုက်ခင်းများမှာ မျိုးကွဲများကင်းစင်ပြီး အပင်အမြင့်ညီညာကာ အထူးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Oct 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူ့များအား  mask နှာခေါင်းစည်းတပ်ဆင် ၍သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈နာရီခွဲချိန်က မြို့မစျေးကြီးရှေ့တွင်သွားလာနေသည့် ပြည်သူများအား  maskနှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။