ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် mask နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်

ကော့ကရိတ် အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူ့များအား  mask နှာခေါင်းစည်းတပ်ဆင် ၍သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈နာရီခွဲချိန်က မြို့မစျေးကြီးရှေ့တွင်သွားလာနေသည့် ပြည်သူများအား  maskနှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ   အိမ်အပြင်ထွက်သွားလာနေကြသည့် ပြည်သူများအားmask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေ းအန္တရာယ်စီမံခန့် ခွဲမှဦး စီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းကမ်းထိန်းသိမ်း ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ အိမ်ပြင်ထွက်သွားလာ နေကြသည့် ပြည်သူများအားmask နှာခေါင်းစည်း တပ်ဆင်၍ သွားလာရေး အသိပေးနိုးဆော်ပြီး mask များ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)