အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်ဝင်းအတွင်း ခြင်းဆေးဖျန်းခြင်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Oct 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌  ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အားအသုံးပြုတက်စေရန် ရည်ရွယ်၍ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။
Oct 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်သီးနှံဖြစ်သည့် ကွမ်းသီးပင် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ရာသီပေါ်ကွမ်းသီးဈေးကောင်းရရှိ၍  ခြံပိုင်ရှင်များဝင်ငွေ ကောင်းလျက်ရှိကြောင်းသိရသည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက နေကြာသီးနှံစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ဘီးလင်းကျေးရွာအုပ်စု အောင်ဇေယျာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အောင်ဟိတ်ကျေးရွာအုပ်စု စန္ဒာရုံဘုန်း‌တော်ကြီးကျောင်း ဓမ္မာရုံတို့၌ အောက်တိုဘာလ ၁၉ ရက်နေ့ကကျင်းပ‌ဆောင်ရွက်ခဲ့သည်။