ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အားအသုံးပြုတက်စေရန် ရည်ရွယ်၍ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ အာရုံစူးစိုက်လေ့လာမှု၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အရောင်ရွေးချယ်ပြိုင်ပွဲကိုကျင်းပရာ အ.လ.က( ပြည်ကြီးမဏ္ဍိုင် )ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း