ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်အတွင်း ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

ညောင်ဦး အောက်တိုဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်ဝင်းအတွင်း ခြင်းဆေးဖျန်းခြင်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များတူထပ်စွာ ပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် နှစ်စဉ် နှစ်တိုင်း အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့က လိုက်လံကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များ ပေါက်ဖွားနိုင်သည့် ကားဝပ်ရှော့များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာကွင်းများအား ဝင်ရောက်နေသည့် ရေများကိုသွန်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက်ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယနေ့တွင်လည်း အလိုတော်ပြည့်ကျောင်းတိုက်ဝင်းအတွင်း ခြင်ပေါက်ပွားနိုင်သည့် နေရာများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ကျောင်းတိုက် ဝင်းအတွင်း ဆေးဖျန်းခြင်းများ ညောင်ဦးမြို့၊ အမှတ် ၅ အရန်မီးသတ်တပ်ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ် (၅) အရန်မီးသတ်သို့ အကူအညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇ ၊ ၀၉၈၈၀၁၅၁၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ကိုကြေးမုံ