မအူပင်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မအူပင် အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ဘီးလင်းကျေးရွာအုပ်စု အောင်ဇေယျာ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အောင်ဟိတ်ကျေးရွာအုပ်စု စန္ဒာရုံဘုန်း‌တော်ကြီးကျောင်း ဓမ္မာရုံတို့၌ အောက်တိုဘာလ ၁၉ ရက်နေ့ကကျင်းပ‌ဆောင်ရွက်ခဲ့သည်။

တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာ ရေး၊ ပညာရေး၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးစသည့် လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက် လာကြသည့် ပြည်သူများက သိရှိလိုသည်များအားမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊‌‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ပြည်သူများအား ဆန်များလှူဒါန်းပေးခဲ့‌ ‌ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)