ကရသူရိမြို့တွင် ရာသီပေါ်ကွမ်းသီးဈေးကောင်းရရှိ၍  ခြံပိုင်ရှင်များဝင်ငွေကောင်း

ကရသူရိ  အောက်တိုဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်သီးနှံဖြစ်သည့် ကွမ်းသီးပင် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ရာသီပေါ်ကွမ်းသီးဈေးကောင်းရရှိ၍  ခြံပိုင်ရှင်များဝင်ငွေ ကောင်းလျက်ရှိကြောင်းသိရသည်။

ကွမ်းသီးထွက်ချိန် ရာသီကိုရောက်ရှိလာပြီဖြစ်၍ ကွမ်းပင်များမှ ပေါ်ဦးပေါ်ဖျားကွမ်းသီးများ ရောင်းချရာမှ ဈေးကောင်းရရှိပြီး မိသားစုအပိုဝင်ငွေရရှိလျက်ရှိပြီး ကွမ်းသီးအမှည့်တစ်လုံးကို(၃၀) ကျပ်နှင့် ကွမ်းသီး အခြောက်တစ်ပိဿာလျှင်(၆၅၀၀)ကျပ်ရရှိကြောင်း သိရသည်။

ဆိုပါကွမ်းသီးအမှည့်များကို မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အသီးများ စတင် ခူးဆွတ်ကြပြီး အဝယ်ဒိုင်များက ထားဝယ်နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)