Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်
Oct 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန် ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က အမှတ်(၃)ရပ်ကွက်တွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေးစီစဥ်ထားရှိမှု အခြေအနေများအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝ…
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေး စီစဥ်ထားရှိမှု အခြေအနေများအား ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ အခြေခံပညာ ကျောင်းအားလုံးအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် လွိုင်နွဲ့ကျောင်းတိုက်၌ ဝါကျွတ်ပွဲတော်ကျင်းပရာ လူများစည်ကားလျက်ရှိ
Oct 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အစဉ်အလာအရ နှစ်စဉ်နှစ် တိုင်း ရပ်ကွက်အလိုက်၊ ရွာအလိုက် ကျင်းပမြဲဖြစ်သော ဝါကျွတ်ပွဲကို ယမန်နေ့ညနေ ၆ နာရီ အချိန်က လွိုင်နွဲ့ကျေးရွာရှိ လွိုင်နွဲ့ကျောင်းတိုက်၌ကျင်းပရာ ပွဲလာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက်စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Oct 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)ရပ်ကွက်သို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံပညာသင်တန်းအခမဲ့ဖွင့်လှစ်
Oct 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကွန်ပျူတာအခြေခံပညာသင်တန်း ၁/၂၀၂၂သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သူဇာအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာမှဒေါ်နန်းအုံမာအုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ ရသေ့တောင်ပေါ်တွင် တည်ထားကိုးကွယ်သော လွယ်ကော်မိန်းစေတီတက်သော လမ်းအား ကွန်ကရစ်ခင်းရာ ပြည်သူများမှ ကုသိုလ်ယူဆောင်ရွက်
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ရသေ့တောင်ပေါ်တွင် တည်ထား ကိုးကွယ်သော လွယ်ကော်မိန်းစေတီ တက်သောလမ်း အကျယ်(၁၀)ပေ အရှည် (၅၀၀) ပေခန့်ရှိသောလမ်းအား ကွန်ကရစ်လမ်းခင်းရာ ပြည်သူများ စုပေါင်း၍ ယနေ့နံနက် (၈)နာရီအချိန့်တွင် သွားရောက်ကုသိုလ်ယူဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်
Oct 20,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့မွန်းလွဲပိုင်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 20,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15494
Page
15495
Page
15496
Page
15497
Current page
15498
Page
15499
Page
15500
Page
15501
Page
15502
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department