ပန်းတောင်းမြို့နယ် (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားကာ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အ.ထ.က (ပန်းတောင်း)မှ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခက်ခက်ဦးက ဗဟုတသုတရဖွယ် ကဗျာများ၊ ကာတွန်များ၊ ပုံပြင်များကို ပြောကြားခဲ့ပြီး ကျောင်သား/ကျောင်းသူများက စိတ်ဝင်တစားနားထောင် မှတ်သားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)