အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မယင်းကျေးရွာအုပ်စု၊ မယင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မယင်းလက်ပံခုံ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 31,2022
စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးဝမြို့တွင်​ ဌာနဆိုင်​ရာများ၏ (၂၂) ကြိမ်​မြောက်​ စု​ပေါင်းမဟာဘုံကထိန်​ပွဲကို အမှတ်​-၁ ရပ်​ကွက်​ရှိ နန်း​တော်​ပရိယတ္တိ​ကျောင်းတိုက်​၌ နံနက်​ ၉ နာရီက ပြုလုပ်​ခဲ့သည်​။
Oct 31,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
Oct 31,2022
တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့် စက်သုံးဆီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စက်သုံးဆီတင်သွင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အောက်တိုဘာ(၃၁)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြိတ်ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့် စက်သုံးဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Oct 31,2022
မန္တလေးတိုင်းဒေသကြီး၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲအနေဖြင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန် မိုးနှောင်းရာသီး၌ မျိုးကောင်း၊မျိုးသန့်၊မျိုးစေ့များ ထုတ်လုပ်နိုင်ရေးဝါစိုက်တောင်သူများအား ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖြန့်ဖြူးပေးနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး လက်တွေ့သင်တန်းအားလွန်ကျော်ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ သင်တန်းခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Oct 31,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် လူငယ် ရေးရာနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီက အခြေခံ ပညာအလယ်တန်းကျောင်း(မြို့မ)၌ အသိပညာပေး ဟောပြောခဲ့သည်။
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး အတွက် မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက် သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။