သရက်ချောင်း ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျေးရွာ/ရပ်ကွက်များ၌ မဲရုံ ၁၂ ရုံအား ယနေ့နံနက် ၆ နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ပြည်သူများ မဲပေးလျက်ရှိသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်၍ အဆင်ပြေချော့မွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံအတွင်း တာဝန်ကျ မဲရုံမှူးများနှင့် တာဝန်ရှိသူများက မဲပေးရာတွင် လိုအပ်သည်များကိုလည်း စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)