သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့က ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိစေရန် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဟောပြောခြင်း၊ မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ မီးခိုးမြူငွေ့အန္တရာယ်၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အကြောင်းအရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စားသုံးသူအခွင့်အရေးများနှင့် ကာကွယ်ရေးဆိုင်ရာဥပဒေများများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကိုကျော်(သဲကုန်း)