အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင်စံကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက် အကျိုးပြုမည့်သားကောင်းသမီးရတနာများ ပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများ နှုတ်မှုစွမ်းရည်နှင့် လူအများအလည် ရဲဝံ့စွာပြောဆို စေရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။
Jan 21,2026
မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  အခြေခံပညာအလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 21,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
Jan 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပလောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ မဲရုံးမှူး၊ ဒုမဲရုံမှူး ၊ (MEVM) မဲပေးစက်ကိုင် မွမ်းမံသင်တန်းကို  ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၉ နာရီက ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။
Jan 21,2026
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဇန်နဝါရီ ၁၉ ရက်က ကျိုင်းတုံမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ရောက်ရှိ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ သာသနာရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်နယ်သာသနာရေးမှူးရုံးခွဲ(ရှမ်းအရှေ့)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးသည်။
Jan 21,2026
ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ  စာဖတ်ရှိန်မြင့်မားပြီး  အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ဗောဓိ)နှင့် အခြေခံပညာမူလတန်းကျောင်း(အင်းပေါ်ကြီး)တို့တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jan 21,2026
(၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ(၁)၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။