အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2026
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက လူစည်ကားရာနေရာဖြစ်သည့် ကျောက်မဲမြို့ ဗဟိုဈေးကြီးနှင့် ညဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 21,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာစကား (၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၈)နာရီအချိန်၌ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရွှေဂူဘကမူလွန်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆုပေးပွဲ အခမ်းအနားကို  ဇန်နဝါရီ  ၂၀ ရက် နံနက် ၈ နာရီခွဲက ရွှေဂူကျောင်းတိုက်ဝန်းအတွင်း ယာယီမင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်ထားရှိမည့် တည်နေရာများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jan 21,2026
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ၁၁/၂၀၂၅(ပထမနှစ်)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲက တိုင်းရင်းဆေးသိပ္ပံကျောင်း၌ ကျင်းပသည်။
Jan 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပသည်။
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူ အဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။