အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၇)ရပ်ကွက်၊အဓိပတိလမ်းတွင် ဇွန် ၁ ရက်နေ့ ည‌နေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့် လုံးပတ်(၄)ပေ၊ အရှည်ပေ(၄၀)ခန့် ကုက္ကိုလ်ပင်လဲကျခဲ့ကြောင်း သိရသည်။
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိရပ်ကွက်အများစုတွင် သစ် ပင်၊သစ်ကိုင်းကျိုးကျခြင်း၊ သစ်ပင်လဲပြိုခြင်းများကို လမ်းပိတ်ဆို့မှုမရှိစေရေးနှင့်ထိခိုက်မှုမရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစီးအရာရှိဦးစိုးနိုင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက အချိန်နှင့်တစ်ပြေးညီ လိုက်လံရှင်းလင်း ဖယ်ရှားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇွန်လ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့သည်။
Jun 05,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်း(ဗဟန်း ၁ လမ်း)အနီး PROBOX ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဘ‌လောက်တုံးကို‌ကျော်၍ သံပန်းများအား ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Jun 05,2025
ကရင်ပြည်နယ် ဘားအံမြို့၌ မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့် ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဖြေဆိုခြင်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ရန်ကင်းတောင် ခြေရှိ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ကျင်းပသည်။
Jun 05,2025
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။