ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်

ကျွန်းလှ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆန်စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ လျာထားချက်ထက် ဧက ၂၀၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ ဒီနှစ်ဆောင်းရာသီပဲမျိုးစုံစိုက်ပျိုးဖို့ ၁၉၇၉၃ ဧကလျာထားသော်လည်း ၂၁၈၉၆ ဧကစိုက်ပျိုးနိုင်ပြီး လျာထားချက်ထက် ၂၁၀၃ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲစိုက်ခင်းများ အောင်းမြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန် ကွင်းဆင်းအသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအဖြစ် မတ်ပဲ ၁၁၇၂၈ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၄၁ ဧက၊ စွန်တာပြာ ၂၁၃၅ ဧက၊ စားတော်ပဲ ၇‌‌၃၂၁ ဧက၊ ပဲရာဇာ ၄၅၃ ဧက၊ စုစုပေါင်း ၂၁၈၉၆ ဧကဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ