Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် အသုံးပြုမည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ
Jan 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် အသုံးပြုမည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက နတ်တလင်းခရိုင်မှတစ်ဆင့် သဲကုန်းမြို့နယ်သို့ ရောက်ရှိပြီး မြို့မရဲစခန်းတွင် လက်ခံသိမ်းဆည်းထားရှိသည်။
အပြည့်အစုံ ဖတ်ရန်
အိန္ဒိယနိုင်ငံ ASI Director အဖွဲ့ပုဂံဌာနခွဲနှင့်ပူးပေါင်း၍ ရှေးဟောင်းအဆောက် အအုံ(၁၁)ဆူ ပြုပြင်ထိန်းသိမ်းမှုကွင်းဆင်းကြည့်ရှု
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ASI မှ Director နှင့်အဖွဲ့သည် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ရှေးဟောင်းအဆောက်အအုံများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၁ ရက်၊ နေ့မှစတင်၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Jan 21,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးညှိနှိုင်း ဆွေးနွေးပွဲကို အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ
Jan 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၌ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်
Jan 21,2026
ပျော်ဘွယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရန်အတွက်ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ လမ်းလယ်ကျွန်းနှင့်လူသွားစင်္ကြန်များအား သတ်မှတ်အရောင် ဆေးသုတ်ခြင်း၊ ကားလမ်းမကြီးဘေးဝဲယာ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်လစာငွေများ ထုတ်ပေး
Jan 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ်(၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ် စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်
Jan 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး အနေဖြင့် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1466
Page
1467
Page
1468
Page
1469
Current page
1470
Page
1471
Page
1472
Page
1473
Page
1474
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department