ကော့ကရိတ်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူ

ကော့ကရိတ် ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း()တွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲများကောက်ယူရာတွင် ပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ်(၁၁)ရပ်ကွက် ကျေးရွာအုပ်စု ()အုပ်စုတို့ရှိ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ နေအိမ်များသို့သွားရောက်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းသွားရောက် ဆောင်ရွက်ခဲ့ကြသည်။

ကော့ကရိတ်မြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း()၌ မြို့ပေါ် (၁၁) ရပ်ကွက်၊ ကျေးရွာအုပ်စု()အုပ်စုတွင် မဲရုံစုစုပေါင်း (၂၅)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၈၀၃၈) ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)