Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သုံးခွမြို့နယ်၊ ဇောတိကကျေးရွာတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဇောတိကကျေးရွာသည် မုတ္တမပင်လယ်ကွေ့နှင့်နီးစပ်လျက်ရှိသည့်အတွက် ကျေးရွာနေပြည်သူများ သဘာ၀ဘေး အန္တရာယ်ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇောတိကကျေးရွာ ဆိုင်ကလုန်း Shelter တွင် ယမန်နေ့နံနက် ၈ ခွဲနာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ရွာလွတ် (အ.ထ.က)နှင့် မုဒွန်းနောက်(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်…
Dec 08,2022
ကျောင်းသား/ သူများ ပြည်သူများ စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု အပေါ်အခွင့်အရေးရရှိစေရန် အတွက်ရည်ရွယ်ပြီး မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ (၇)ရက်နေ့နံနက်က ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် မုဒွန်းအနောက် (အ.မ.က)ကျောင်းတွင် လည်းကောင်းစားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ပကန်း (ကင်းပုစွန်) ရှားပါးလာ
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ တံငါလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လျက်ရှိပြီး ရေနေသတ္တဝါများ ယခင်ကထက်ရှားပါးလာ၍ ရှာဖွေသူများအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးဆော်သြခြင်းများ ဆောင်ရွက်
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ယမန်နေ့ ည(၇)နာရီခွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသံချဲ့စက်ဖြင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး သတိပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့တွင် အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Dec 08,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် တတိယအကြိမ် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ မကျီးပင်လမ်းဆုံနေရာတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
Dec 08,2022
ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၉)ရပ်ကွက်အတွင်းရှိ လမ်း(၄၀) အောက်လမ်း၌ AC ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက်ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး) နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယနေ့နံနက် (၁၁) နာရီက မြို့နယ်စာရင်းစစ်ရုံးတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က (၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14515
Page
14516
Page
14517
Page
14518
Current page
14519
Page
14520
Page
14521
Page
14522
Page
14523
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department