ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

ကျောက်တံတား ဒီဇင်ဘာ ၈

ကျောက်တံတားခရိုင်၊ ​ ကျောက်တံတားမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက်  ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၉)ရပ်ကွက်အတွင်းရှိ လမ်း(၄၀) အောက်လမ်း၌ AC ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်း(၄၀) အောက်လမ်းအား AC ကတ္တရာခင်းခြင်းလုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအမှုဆောင် အရာရှိနှင့်အဖွဲ့ဝင်များ၊ လမ်းတံတားရေစီးရေလာဌာနမှ အင်ဂျင်နီယာများက လုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)