ချောင်းဆုံမြို့နယ် ရွာလွတ် (အ.ထ.က)နှင့် မုဒွန်းနောက်(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၈

ကျောင်းသား/ သူများ ပြည်သူများ စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု အပေါ်အခွင့်အရေးရရှိစေရန် အတွက်ရည်ရွယ်ပြီး မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ (၇)ရက်နေ့နံနက်က ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် မုဒွန်းအနောက် (အ.မ.က)ကျောင်းတွင် လည်းကောင်းစားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမွန်စံက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က ဦးစီးဌာန မျှော်မှန်းချက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စားသုံးသူများအနေနှင့် ကုန်စည်ဝန်ဆောင်မှုစနစ်အပေါ် နစ်နာဆုံးရှုံး လျှင်တိုင်ကြားနိုင်သည့် နည်းလမ်းတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်းအရာများအား ဟောပြောပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ(၂၀၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အလားတူဟောပြောပွဲပညာ​​ပေးလုပ်ငန်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မုဒွန်းအ​နောက်(အမက)ကျောင်းတွင်လည်း​ကောင်း အဆိုပါဌာနက သွားရောက်ပညာ​ပေးခဲ့​ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)