စမ်းချောင်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးဆော်သြခြင်းများ ဆောင်ရွက်

စမ်းချောင်း  ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ယမန်နေ့ ည(၇)နာရီခွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသံချဲ့စက်ဖြင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး သတိပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ(၄)ဦး  အရန်(၂)ဦးတို့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံသတိပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နီလာစိုး (ပြန်/ ဆက်)