စဉ့်ကိုင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး) နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့ က ယနေ့နံနက် (၁၁) နာရီက မြို့နယ်စာရင်းစစ်ရုံးတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်စာကြည့်တိုက်သို့ စာကြည့် သို့မလာရောက်နိုင်သည့် စာဖတ်၊ စာငှား ပရိတ်သတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်လုပ်ငန်းဖြင့် လက်ဝယ်အရောက် ၀န်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက် စာအုပ်များအား တစ်ပတ်တစ်ကြိမ် လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း (စဉ့်ကိုင်)