အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2025
ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်းကို  ဇွန်လ ၉ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jun 09,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး Project Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 09,2025
မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ် စာစောင် ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြ‌သည်။
Jun 09,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်းတရုတ်တန်းရပ်ကွက်၊ တောင်ပိုင်ဓမ္မရိပ်သာကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲကို ဇွန်လ (၄)မှ (၁၀)နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ဖြေဆိုသော (ကြီး၊ လတ်)တန်းစာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ဇွန်လ (၉) ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Jun 09,2025
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ်၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ချောင်းများ၊မြောင်းများအား ယ‌နေ့နံနက်ပိုင်းတွင် တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 09,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၃)ကျောင်းကြီးရပ်ကွက် စက်ကျောင်း၊ ကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော် သန့်ရှင်းရေးတည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ဆဋ္ဌမနေ့အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းနှင့် ပထမလတ်တန်း ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။
Jun 09,2025
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး ၌ပိုးသတ်ဆေး၊ဓာတ်မြေဩဇာ၊မျိုးစေ့ဆိုင်ရာ ရှင်းလင်းခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။