မြစ်သား ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေးနှင့် ပြည်သူများထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့နယ် ပြက္ခရွေကြိုးဝိုင်းအကွက်အမှတ်(၃)၊ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းများကို ပွဲလုံးကျော်ကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ၌ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဘိုက အခမဲ့ထင်းပေးဝေခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးအရာရှိဦးသန့်ဇင်နှင့်အတူ ပြက္ခရွေကြိုးဝိုင်း အကွက်အမှတ်(၃)၊ ၁/၂၀၁၉ (၅၀)ဧက ကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသော ယူကလစ်၊ မဲဇလီ၊ ကုက္ကို ထင်း ၂၂ တန်အား ပွဲလုံးကျော်ကျေးရွာမှ အိမ်ထောင်စု ၆၀ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သီတာအောင်(မြစ်သား)