အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုးနှင့် တာဝန် ရှိသူများလိုက်ပါပြီး ဇွန်လ(၈)ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့နယ်ရှိ သမိုင်းဝင်မဟာရွှေသာလျောင်း(ပေါင်းလဲကြီး) ဘုရားနှင့် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်တော်မူအပ်သော ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတီယ စွယ်တော်မြတ်စေတီတော်(မန္တလေး) သို့ သွားရောက် ဖူးမြော်ကြသည်။
Jun 09,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွှန်းလွှဲပိုင်းက ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော်မြတ်စွာ ဘုရားဝန်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 09,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျေးရွာစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရေပူစမ်းကျေးရွာရှိ ဘုရင့်နောင်စာကြည့်တိုက်၌ ဆောင်ရွက်သည်။
Jun 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၇)နာရီအချိန်က သလဘာကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 09,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၉ ရက်တွင် ကုန်းတန်းကြီးကျေးရွာ မြန်မာ့မီးရထား (ပုဂံဘူတာ) ဝင်း အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 09,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဇွန် ၇ ရက် နံနက် ၉ နာရီက ဖုန်ကုန်ရာဇီခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)မှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jun 09,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ မြေသားသိပ်သည်းမှုရှိအောင် ဆောင်ရွက်ရေးနှင့် လမ်းခင်းကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။