ဝမ်းတွင်း ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီ၊ ဝမ်းတွင်းမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ ဦးဇော်ဝင်းဖေက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အမှုဆောင်အဖွဲ့ဝင် ဦးကျော်ငြိမ်းနှင့် မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးတို့က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရှေ့လုပ်ငန်းစဉ်အား ဖတ်ကြားတင်သွင်းခြင်း၊ လုပ်ငန်းအစီရင်ခံစာတင်ပြသည့်ဆွေးနွေးချက်များအား ဆုံးဖြတ်ချက်ရယူခြင်း၊ အတည်ပြုချက်ရယူကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)