အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2026
လူငယ်များဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
Jan 22,2026
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jan 22,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဒေးဒရဲမြို့နယ်အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
Jan 22,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်း၏ စီမံကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Jan 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူတစ်ရပ်လုံးမဲပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီး ရွေး‌ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
Jan 22,2026
‎သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က ညောင်၀ိုင်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးသတိမူရေးအသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
Jan 22,2026
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ဇန်နဝါရီ (၂၁) ရက်နေ့နံနက် (၁၀)နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ သဘာပတိအဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက် အမှုဆောင် ဦးခင်မောင်ဝင်းက ဆောင်ရွက်ခဲ့သည်။