ကော့မှူး ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ယနေ့ နံနက်က သမင်ခြံကျေးရွာ ကွင်းအမှတ်(၅၀၂)ဦးပိုင် အမှတ်(၈)ဧရိယာ(၁၅)ဧက တောင်သူဦးသန်းမြင့်လယ်တွင် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေနှင့် နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုအခြေအနေအား ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ နေကြာမျိုးစေ့ချစိုက်ပျိုးမှု အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် တွေ့ဆုံ၍လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကော့မှူးမြို့နယ်တွင် နေကြာစိုက်မည့် ကျေးရွာ ၂၅ ရွာ၊ တောင်သူ ၁၇၇ ဦး၊ စိုက်ဧက (၅၀၇) ဧကအား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကျော်သူရ (ကော့မှူး)