ရန်ကင်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့် ဗုဒ္ဓဟူးနေ့၌ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီက သင်္ဃနးကျွန်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံမှ ပါဝင်လောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို နံနက် ၅:၃၀ နာရီတွင် စေတီတော်မြတ်ကြီး၏ ဩဝါဒဆရာတော် (၁၃)ပါးမှ ဘုရားအနေကဇာတင်ခြင်း၊ နေ့လယ် ၃ နာရီတွင် ဘုရား၊ တရား (၂)ပါး၊ ပင့်သံဃာ (၁၀၃)ပါး၊ သီလရှင်(၃)ပါး၊ ပေါင်း(၁၀၈)ပါး တို့အား ဌာနပေါင်းစုံနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများက စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူ ခဲ့ကြသည်။
ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူရန် လာရောက်ကြသော သင်္ဃန်းကျွန်းခရိုင်နှင့် ရန်ကင်းမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုသိုလ်ရှင်၊ စေတနာရှင်များမှ မိုးကောင်းကျောင်း ဆရာတော် ဘဒ္ဒန္တဦးဝိလာသမှ ရေစက်ချတရားနာယူ၍ အခမ်းအနားကို ညနေ ၅ နာရီတွင် ပိတ်သိမ်းခဲ့ကြောင်း သတင်းရသည်။
အိရွှေစင်(ပြန်/ဆက်)