ကျောက်ဆည်မြို့တွင် ဧရာမင်းစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက် (၁၀၇) တင်းထွက်

ကျောက်ဆည် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဆန်စပါးဖူလုံရေး တိုက်နယ် (၁၂) ခု၊ ကွင်းပေါင်း (၂၂၂) ကွင်း၌ စပါးသီးနှံ (၅၂၄၆၁) ဧက စိုက်ပျိုးထားပြီး ယနေ့နံနက် (၁၀) နာရီက ပေတောကြီးအုပ်စု၊ ကွင်းအမှတ် (၃၅၅-ခ)၊ ဦးပိုင်အမှတ်(၄၁/၂) တောင်သူဦးအောင်လှ၏ ဧရာမင်းမိုးစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက် (၁၀၇) တင်း ထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများကို တိုက်နယ် (၁) ကျေးရွာအုပ်စု (၇) အုပ်စုတွင် (၂၂၄၀) ဧက၊ တိုက်နယ် (၂) ကျေးရွာအုပ်စု (၅) အုပ်စုတွင် (၅၇၉၂) ဧက၊ တိုက်နယ်(၃) ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် (၅၀၃၈)ဧက၊ တိုက်နယ်(၄)ကျေးရွာအုပ်စု(၈)အုပ်စုတွင် (၄၂၀၇) ဧက၊ တိုက်နယ် (၅) ကျေးရွာအုပ်စု (၁၂) အုပ်စုတွင် (၅၉၇၉)ဧက၊ တိုက်နယ်(၆) ကျေးရွာအုပ်စု(၅)အုပ်စုတွင် (၃၈၆၅)ဧက၊ တိုက်နယ်(၇) ကျေးရွာအုပ်စု(၁၀)တွင် (၂၃၅)ဧက၊ တိုက်နယ် (၈)ကျေးရွာအုပ်စု(၈) အုပ်စုတွင် (၅၉၈၄)ဧက၊ တိုက်နယ်(၉)ကျေးရွာအုပ်စု(၅)အုပ်စတွင် (၄၂၃၆) ဧက၊ တိုက်နယ်(၁၀)ကျေးရွာအုပ်စု (၆) အုပ်စုတွင် (၅၀၁၂)ဧက၊ တိုက်နယ်(၁၁) ကျေးရွာအုပ်စု (၆) အုပ်စုတွင် (၄၆၈၈) ဧက၊ တိုက်နယ် (၁၂) ကျေးရွာအုပ်စု(၇)အုပ်စုတွင်(၅၁၈၅)ဧက၊ စုစုပေါင်း(၅၂၄၆၁)ဧက စိုက်ပျိုးထားကြောင်း သိရှိရသည်။

မိုးစပါးများစိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်၊ မိုးကောင်းရေသောက် စနစ်များဖြင့် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခစပါးများ အဓိကထားပြီး စပါးခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများ ကူညီဖြည့်ဆည်းပေးခဲ့ပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေသောက် စနစ်ဖြင့်စိုပျိုးထားသည့် စပါးစိုက်ခင်းများကို အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေခဲ့ကြောင်း သိရှိရသည်။

သက်မောင်