အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်၁၀ နာရီ အချိန်ခန့်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှကင်ဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသတွင်းတရားမဝင်ကုန်သွယ်မှု မရှိစေရေးကြပ်မတ် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ပန်ရံစုကျေးရွာရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်ရှေ့နှင့်  လမ်းမတော်လမ်းရှိ  ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် ၉ ဖအောင်ဝဲရပ်ကွက်၊ အလက(ခွဲ)မြောက်ဘက်ကမ်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Dec 08,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်တရားလွှတ်တော်ရုံးသစ် ဆောက် လုပ်မည့်မြေ နေရာနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် နားမကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်(၈)နာရီခွဲက အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 08,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်ပညာရေးဌာနက မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ လူရွေးချယ်ပွဲကို ရေးမြို့မအား ကစားကွင်းနှင့် မြို့နယ်အားကစားရုံ၌ ယနေ့နံနက် ၆:၃၀ နာရီချိန်က စတင်ပြုလုပ်ခဲ့သည်။
Dec 08,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေတွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ညွန်းအမှတ်အသား (၁၁) ချက်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။