ကွန်ဟိန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်၁၀ နာရီ အချိန်ခန့်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းအရာများ အသိပညာပေးဟောပြောခြင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးအောင်ကျော်လင်းက ဥပဒေဆိုင်ရာများ အသိပညာပေး ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် Social Media အကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးက ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)