မိုင်းဆတ်မြို့နယ်၊ နားမကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းဆောင်ရွက်

မိုင်းဆတ် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် နားမကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်(၈)နာရီခွဲက အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နားမကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရရှိခြင်း ကြောင့် စီမံကိန်းဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းခြင်း၊ နားမကျေးရွာသည် အိမ်ခြေ(၅၁)မှ (၁၀၀) အကြားရှိသည့်အတွက် Type-2 အမျိုးအစားဖြစ်၍ ငွေကျပ်သိန်း (၁၀၀) ရရှိမည် ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေများကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်းချေးငွေများဖြင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်အားထက်သန်ပြီး အမှန်တကယ်ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)