ဒိုက်ဦးမြို့နယ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့်သရုပ်ပြပွဲကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး   ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် ၉ ဖအောင်ဝဲရပ်ကွက်၊ အလက(ခွဲ)မြောက်ဘက်ကမ်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဆွေသက်အောင်က အသိပညာဖွံ့ဖြိုးဖို့စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးဦးမြတ်ဇော်ထွန်းကအားကစား၏ အဓိပ္ပါယ်အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများနှင့် အတူ Physical Fitness Dance ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)