ကြံခင်း ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်မှကင်ဝေးစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသတွင်းတရားမဝင်ကုန်သွယ်မှု မရှိစေရေးကြပ်မတ် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ပန်ရံစုကျေးရွာရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်ရှေ့နှင့် လမ်းမတော်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲအုပ်ကျော်သူအောင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူးဦးစည်သူအောင်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ ပူးပေါင်းပြီးမော်တော်ဆိုင်ကယ် စီးနင်း သူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ပြီး စီးရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ မော်တော်ယာဉ်များတွင်ပါရှိရမည့် အချက်များ၊ ဘက်မှန်၊ နံပါတ်ပြားနှင့် အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်များ အသုံးပြုရန်နှင့် ဒေသတွင်းတရား မဝင်ကုန်သွယ်မှု မရှိစေရေးအတွက် ဆိုင်ကယ်များ၊ ခရီးသည်တင်ကားများ၊ ကုန်စည် ပို့ဆောင်ရေး ကားများတွင် ဥပဒေနှင့်မလွတ်ကင်းသောပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)