စာရေးဆရာ ဦးတင်လှ (မဟာဝိဇ္ဇာ) ရေးသားထားသည့် မြန်မာမှုစာအုပ်ဖြင့် စာဖတ်ဝိုင်း စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

စုကလိ  ဒီဇင်ဘာ    ၈

စာအုပ်စာပေ ဖတ်ရှုပါ၊ ပြန်လည်မျှဝေပေးပါ စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အား ပြန်လည်အသုံးချတတ်စေရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းအစဥ်အလာများအား ချစ်မြတ်နိုးတတ်ကြစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာမှုစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးမှ အငယ်တန်းစာရေး (ပြ)ဒေါ်စိုးမို့မို့ဌေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နောက်မြန်မာ့ယာဥ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများအကြောင်း၊ ယောကျ်ားကောင်းတို့ထံတွင် ရှိသည့် ထိုးကွင်းမင်ကြောင်အကြောင်း၊ တိုင်းရင်းသားလူမျိုးစုအချို့၏ ကောက်သစ်စားပွဲအကြောင်းနှင့် မြန်မာ့ရုပ်သေးသဘင် အကြောင်းတို့ကို ဦးဆောင်ဆွေးနွေးပေးပြီး အလယ်တန်း ကျောင်းသူ နော်ဟဲနေဒါးက မြန်မာ့စာရေးကိရိယာ အပိုင်း- ၁ အကြောင်း၊ ကျောက်ပျဥ်နှင့် သနပ်ခါးကိုလည်းကောင်း၊ မနှင်းစန္ဒာက ဇရပ်နှင့်ရေအိုးစင်၊ ဒီဇင်ဘာလအတွက် ဆောင်ရွက်ကြသည့် အားကစားများအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်း စုကလိမြို့မှ ကျောင်းသူလေးများမှ တက်ရောက်ဆွေးနွေးကြပြီး သိရှိလိုသည်များအား တာဝန်ရှိသူတစ်ဦးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ပိုပိုအောင်